BLISSFUL MYANMAR Travel & Tour Co.,Ltd

No.5, Seik Nge Jetty Street, Seik Nge Quarter, Myeik Township, Tanintharyi Region.
Ph : 09 78888 7779, 09 4508 9996, info@blissfulmyanmartravels.com

ကျွန်တော်တို့ Blissful Myanmar Travel & Tour မှ ခရီးသွား မိတ်ဆွေများအတွက် ကော့သောင်း ကျွန်းခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးနေပါသည်။

Amazing Paradise 4 Islands Day Trip

မြင်းခွာကျွန်း၊ အသည်းပုံကျွန်း၊ ပန်းကျွန်း၊ ဇာဒက်ကြီးကျွန်း

  • မနက် (၈း ၃၀) အချိန်တွင် ကော့သောင်းဆိပ်ကမ်းမှ SpeedBoat ဖြင့် စတင်ထွက်ခွာပါမည်။
  • မနက် (၉း ၃၀) အချိန်တွင် မြင်းခွာကျွန်း သို့ စတင်ရောက်ရှိပါမည်။

ထိုကျွန်းသည် မြင်းခွာပုံသဏ္ဍန်ရှိပြီး ၎င်းမြင်းခွာအော်ထဲတွင် ကြည်လင်သောရေနှင့် နူးညံ့သော သဲသောင်ပြင်ပေါ် တွင် လျှောက်လှမ်းကာ Regional Tour Marine Guide နှင့်အတူ Snorkeling လုပ်၍ ရေလွှာအောက်ရှိ ငါးမျိုးစုံ နှင့် သန္တာကျောက်တန်းရဲ့ သဘာဝအလှများကို မျက်မြင်အတိုင်း ရှုမြင်ခံစားပါမည်။

  • ဒုတိယ နေရာဖြစ်တဲ့ အသည်းပုံကျွန်း သို့ရောက်ရှိပါမည်။

၎င်းကျွန်းတွင် ကျောက်တောင်များဖြင့် ကာရန်ထားပြီး အသည်းပုံသဏ္ဍန်ပေါ်နေသည့် ကျွန်းအတွင်းရှိ ရေကန်အတွင်းသို့ ကျောက်တောင်အောက်ဘက် အဝင်ပေါက်မှ ကြိုးဖြင့် ဆွဲကူးဝင်ရောက်ကာ ကျွန်းတွင်း ရေကန် အလှအပများအား ကြည့်ရှုခံစားနိုင်မည်။
(မှတ်ချက်- အချို့ရေထရက်နှင့်ကြုံပါက လှိုင်းကြမ်းသဖြင့် လူ အန္တရာယ်ရှိ သောကြောင့် ရေကန်သို့ ဝင်ရောက် ကြည့်ရှုရန် ၎င်းအချိန်တွင် အခက်အခဲ အချို့ရှိနိုင်ပါမည်။)

(Drone ဖြင့်လည်း အပေါ်စီးမှ အမှတ်တရ ဓာတ်ပုံ ရိုက်ခြင်းနှင့် အတူ ကြည့်ရှုခံစား နိုင်ပါမည်။)

  • ထိုနောက် ပန်းကျွန်း သို့ရောက်ရှိပြီး နေ့လည်စာ ဘူဖေးကို သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာနှင့် အတူ
    အေးဆေးမြိန်ယှက်စွာ စားသောက်ကြပြီး Snorkeling လုပ်ကြပါမည်။ ထိုကျွန်းတွင် နေ့လည်စာစား အနားယူပြီး ကျွန်း၏ အလှအပများကို Drone ဖြင့်ကြည့်ခြင်း၊ Snorkeling လုပ်ခြင်းနှင့်အတူ Transparent Kayak များဖြင့်လည်း ရေအောက် သန္တာကျောက်တန်း အလှအပများစွာနှင့် ရှားပါးငါးမျိုးစိတ် မျိုးစုံတို့ကိုလည်း ကြည့်ရှု့ မည်ဖြစ်ပါသည်။
  • ဆက်လက်၍ နောက်ဆုံးကျွန်းဖြစ်တဲ့ ဇာဒက်ကြီးကျွန်း ၏တောင်ဘက်အစွန်ဆုံးထိပ် South Bay ကို
    ရောက်ရှိမည်။ ရေအောက် သန္တာကျောက်တန်း အလှအပများ ထူးခြားကျယ်ပြန့်စွာတည်ရှိနေပြီး ရှားပါးနီမိုငါးများ နှင့် ရေလွှာငါးမျိုးစုံတို့ကို Snorkeling နှင့် Transparent Kayak ဖြင့်လည်း အံ့သြဖွယ်ရာ ရေအောက်အလှမျိုးစုံကို ငြိမ်းချမ်းစွာခံစားနိုင်ရန် စီမံပေးထားပါသည်။
  • ညနေ (၄း ၃၀) အချိန်တွင် ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိပါမည်။
Day Trip Price – Adult - 3600 Baht (or) 140000 Ks
Child - 2400 Baht (or) 93000 Ks (under 12 years old)

Adventurous Paradise

ကျွန်း (၄) ကျွန်းနှင့် ရနောင်းတစ်ညအိပ်ခရီးစဉ်

မနက် (၈း ၃၀) အချိန်တွင် ကော့သောင်းဆိပ်ကမ်းမှ Amazing Paradise 4 Islands ခရီးစဉ်အတိုင်း SpeedBoat ဖြင့် စတင်ထွက်ခွာပါမည်။

ညနေ (၄း ၃၀) အချိန်တွင် ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ရနောင်းဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာပါမည်။ ရနောင်းရှိ B.C Badin Resort ၌ Breakfast သုံးဆောင်ပြီး ရနောင်းမြို့ရှိ ရေပူစမ်း၊ မီးမလောင်ဘုန်းကြီးကျောင်းနှင့် Shopping Center တွင် ဈေးဝယ်ထွက်ကာ ကော့သောင်းသို့ ပြန်လည် ရောက်ရှိပါမည်။ ကော့သောင်းတွင် နေ့လည်စာစားသောက်ကြပြီး ခရီးစဉ် ပြီးဆုံးပါမည်။

2 Days 1 Night Price – Adult – 210000 Ks Child – 140000 Ks

Enjoyable Emotion of Paradise

ကျွန်း (၄) ကျွန်းနှင့် ကော့သောင်း (၁)ည/ ရနောင်း (၁)ည အိပ်ခရီးစဉ်

ရန်ကုန်မှ ဆိုက်ရောက်လာသူများကို ကော့သောင်းလေဆိပ်မှာ ကြိုဆိုကာ ကော့သောင်း မြို့ မလိဝမ်းရွာရှိ အောင်သပြေရေပူစမ်း၊ မလိဝမ်းရေတံခွန်၊ ဘုရင့်နောင်ကုန်း၊ ဘုရင့်နောင်အငူ (ခ) ဝိတိုရိယအငူ၊ ပြည်တော်အေးဘုရားနှင့် ကော့သောင်း View Point များသို့ ပို့ဆောင်ပေးပြီး Garden Hotel Check In ဝင် အနားယူပြီးနောက် Garden Hotel ၌ညစာ စားသောက်ကြပြီး ညအိပ်စက် အနားယူပါမည်။

နောက်နေ့ မနက် (၈း ၃၀) အချိန်တွင် ကော့သောင်းဆိပ်ကမ်းမှ Amazing Paradise 4 Islands ခရီးစဉ်အတိုင်း SpeedBoat ဖြင့် စတင်ထွက်ခွာပါမည်။

ညနေ (၄း ၃၀) အချိန်တွင် ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိပြီး နောက် ရနောင်းဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာပါမည်။ ရနောင်းရှိ B.C Badin Resort တွင် ညစာ စားသောက်ကြပြီး အိပ်စက်အနား ယူကြပါမည်။ နောက်နေ့မနက်တွင် B.C Badin Resort ၌ Breakfast သုံးဆောင်ပြီး ရနောင်းမြို့ရှိ ရေပူစမ်း၊ မီးမလောင်ဘုန်းကြီးကျောင်း နှင့် Shopping Center တွင် ဈေးဝယ်ထွက်ကာ ကော့သောင်းသို့ပြန်လည် ရောက်ရှိ ပါမည်။ ကော့သောင်းတွင် နေ့လည်စာ စားသောက်ကြပြီးနောက် လေဆိပ်သို့ပြန်လည် ပို့ဆောင်ပေးပါမည်။

3 Days 2 Nights Price – Adult – 260000 Ks Child – 170000 Ks